ဒီတစ်ခါတော့ ဂျာနယ်ကျော်မမလေးရဲ့ ၀တ္ထုကောင်းတစ်ပုဒ်ပါ ..
သွေး၊ သူမ၊ သူလိုလူ၊ မုန်း၍မဟူ ဆိုတဲ့ စာအုပ်တွေနဲ့တော့ ရင်းနှီးနေနိုင်ပါလိမ့်မယ် ..
ခု စာအုပ်ကတော့ ၂၀၀၁ခုနှစ်က စတုတ္ထအကြိမ် ပြန်လည်ထုတ်ဝေခဲ့တဲ့ `စိတ်´ ဆိုတဲ့ စာအုပ်ပါ ..
ယောက်ျားတစ်ယောက်ရဲ့ အနိုင်ကျင့်ခံရတဲ့ အမျိုးသမီးတစ်ဦးအကြောင်း ရေးထားတာပါ ..
အနိုင်ကျင့်တဲ့ အမျိုးသားကလည်း ဆရာဝန်တစ်ယောက်ဖြစ်နေသလို အနိုင်ကျင့်ခံရတဲ့သူကလည်း ဆရာဝန်မတစ်ယောက်ဖြစ်နေပါတယ် ..
`.. ကိုယ်က သိသွားရတာက မချစ်တာဆိုတာဘဲ၊ ချစ်တာကို ကိုယ်သိတာ မဟုတ်ဘူး´ ဆိုတဲ့ ဆရာဝန် မစောလင်း ပါ ..
အစမှာတော့ သမားရိုးကျဆန်စွာပါပဲ .. အလိုမတူဘဲ အစော်ကားခံရတယ် .. အဲ့ဒီလူကို ရွံတဲ့စိတ်နဲ့ ဝေးရာထွက်သွားခဲ့တယ် ..
နောက် ပညာတော်သင်သွားဖို့ ခွင့်ပြုမိန့်ရလာတဲ့အချိန်မှာ သူမမှာ ကိုယ်ဝန်ရှိနေတယ်ဆိုတာ သိလိုက်ရပါတယ် ..
ဆရာဝန်တစ်ယောက်ဖြစ်နေတဲ့အတွက် ဒီကိုယ်ဝန်ကို ဘယ်လိုဖျက်ဆီးနိုင်တယ်ဆိုတာ နားလည်နေခဲ့ပါတယ် .. ဒါပေမယ့် မလုပ်ခဲ့ပါဘူး ..
အဲ့လို မလုပ်ခဲ့တာဟာ ဆရာဝန်စိတ်ကြောင့်လည်း မဟုတ်ခဲ့သလို မိခင်စိတ်ကြောင့်လည်း မဟုတ်ခဲ့ပါဘူး ..
မှန်တာကိုပဲ ဖြစ်စေရမယ်ဆိုတဲ့ စိတ်နဲ့ပါ .. ဇာတ်လမ်းက သမားရိုးကျထဲက ခွဲထွက်လာပါတယ် ..
ပညာတော်သင်သွားဖို့လည်း စွန့်လွှတ်ခဲ့ပါတယ် .. ကိုယ်ဝန်ကို သူမ ဂရုစိုက်ပါတယ် .. အနေအထိုင်အစားအသောက် အစစအရာရာ ဆင်ခြင်ခဲ့တယ် ..
ကလေးမွေးလာတဲ့အခါမှာတော့ ကလေးမျက်နှာကိုလည်း တချက်မကြည့်ဘူး .. သားလား သမီးလားဆိုတာကိုလည်း မမေးခဲ့ဘူး ..
မွေးပြီးပြီးချင်းမှာပဲ သက်ဆိုင်တဲ့သူဆီ ပို့ဖို့ ပြောခဲ့ပါတယ် ..
မိခင်တစ်ယောက်အနေနဲ့ တစ်ခုခုလစ်ဟာသွားသလိုခံစားရကောင်း ခံစားရပါလိမ့်မယ် .. ဒါပေမယ့် ..... လဲ ..
အဲ့လောက်တောင် သူမရဲ့စိတ်က ဘာလို့ မာကျော နေခဲ့ရတာပါလဲ ..
ကလေးက သူ့အဖေဆီမှာ သေသွားခဲ့ပါတယ် .. သူမကိုယ်တိုင် ကလေးရဲ့အဖေကို တရားစွဲဆို ထောင်ကျစေခဲ့ပါတယ် ...
ကလေးကို ချစ်မြတ်နိုးစိတ်နဲ့လည်း မဟုတ်သလို ကလေးအဖေကို မုန်းတီးတာနဲ့လည်း မဆိုင်ပါဘူး ..
မှန်တာကို မှန်တဲ့အတိုင်းဖြစ်စေရမယ်ဆိုတဲ့ သူမရဲ့ခံယူချက်ကြောင့်ပါ ...
`ကျွန်မတို့ မိန်းမများက စိတ်ယုတ်ညံ့တဲ့ ယောက်ျားများရဲ့ နိုင့်ထက်စီးနင်းမှု ခံရတတ်တဲ့ သဘောကို တင်ပြချင်လို့ ကျွန်မဟာ ကလေးအမေပါလို့ အမှန်ကို ပြောရပါတယ်။
ဘယ်လိုပဲ သူက ယုတ်ညံ့တဲ့စိတ်ရှိစေကာမူ ကျွန်မစိတ်က မယုတ်ညံ့ပါဘူး´ လို့ ဆိုပါတယ် ..
အဲ့ဒီစာအုပ်ကို ဖတ်ပြီးသွားတဲ့အချိန်မှာ အဲ့ဒီဇာတ်ကောင် ဒေါက်တာ မစောလင်း နေရာမှာ ငါဆိုရင် .. ဆိုတဲ့အတွေးက ပေါ်လာပါတယ် ..
သူငယ်ချင်းတော်တော်များများကို ပေးဖတ်ဖူးပါတယ် .. ပြီးတော့ မေးဖူးပါတယ် .. နင်တို့သာဆို ဘယ်လိုလုပ်မလဲ .. ဆိုပြီးးး ... ပေါ့ ..
ကိုယ် ကတော့ ဘယ်လိုလုပ်မယ်ဆိုတာ မဖြေနိုင်ခဲ့ပါဘူး ... ဘယ်လိုမလုပ်ဘူးဆိုတဲ့ အဖြေပဲ ပေးနိုင်ခဲ့ပါတယ် ...
အင်း .. ကိုယ်ဆိုရင်တော့ ဒေါက်တာ မစောလင်းလို မလုပ်ဘူး ဆိုတာပါပဲ ...
....... ဘယ်နှစ်ခေါက်ဖတ်ဖတ် ခံစားမှုတစ်မျိုးတည်းကိုပဲ မရိုးသွားအောင် ပေးနိုင်တဲ့ စာအုပ်ပါ ..
ဒီကဏ္ဍအတွက် တတိယမြောက် စာအုပ်ပါ ....
ဂျာနယ်ကျော်မမလေး ရေးပါတယ် .. စာအုပ်နာမည်က `စိတ်´ ဖြစ်ပါတယ် ..
Download Tag: စိတ်
http://friendyay.multiply.com/journal/item/71 မှ ကူးယူရ်ျ ချစ်သောမေမေခံစားချက် တချို့အတွက် ကြေပါစေကြောင်း
No comments:
Post a Comment